ယာဉ် ၁၅၀၀၀ ကျော်ခဲ့ပြီ

NC colony မှာ ဘာမှလဲ လုပ်စရာ သိပ်မရှိလှဘူး။ အဲဒီအတွက် ယာဉ်တွေပဲ စွတ်ထုတ်နေပါတယ်။ အခုဆိုရင်တော့ စုစုပေါင်း ယာဉ်စီးရေ ၁၅၀၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဂြိုဟ်ကတော့ စုစုပေါင်း ၇၂ လုံးအထိ ရှိထားပြီ ဖြစ်ပါတယ်။ ရှာဖွေမှုပေါင်းက ၂၇၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ထုတ်လုပ်မှု မှာတော့ အဆင့် ၁၁ ကိုရောက်သွားပြီ ဖြစ်ပါတယ်။ သူတို့ ကျော်ချင်လဲ ကျော်ပါစေဗျာ။ ဂြိုဟ်များလေ ထိမ်းသိမ်းရခက်လေပါပဲ။ ဂိမ်းဆက်ပြီးတော့ မကစားတော့တဲ့ သူတွေဆီက ဂြိုဟ်တွေ ရလာဦးမှာပါ။

ဂိမ်းဆိုတာမျိုးကလဲ အင်အားကြီးတဲ့ သူက အနိုင်ရလေ့ရှိတော့ ကိုယ့်အင်အားကို အမြဲဂရုစိုက်ထားရပါတယ်။ တပ်ဖွဲ့အင်အား အများစုကို အချို့ ဂြိုဟ်တွေမှာပဲ စုထားရပါတယ်။ ပြဿနာကတော့ ဂြိုဟ်တွေက ပျံကြံနေတာပါ။ အဲဒီအတွက် ယာဉ်တွေကို စုစည်းဖို့ အချိန်အတော်ယူရပါတယ်။ နောက်တစ်ခါ အင်အားတွေကို ထပ်စုစည်းဖို့အတွက် အချိန်က ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဂြိုဟ်တွေက အဲဒီလို ပျံ့ကြဲနေတာက တစ်ခုတော့လဲ ကောင်းပါတယ်။ ကိုယ်သွားချင်တဲ့ နေရာကို အချိန်မရွေးသွားနိုင်တာပေါ့။ ရန်သူကို တိုက်မယ်ဆိုရင်လဲ အလွယ်တကူ တိုက်နိုင်ပါတယ်။

အခုအချိန်အထိတော့ အင်အားကြီးတဲ့သူနဲ့ မတွေ့သေးပါဘူး။ အကောင်အသေးလေးတွေကိုပဲ လိုက်ပြီးတော့ တိုက်နေပါတယ်။ အကောင်ကြီးတွေ ချင်းကျတော့ နိုင်နိုင်ရှုံးရှုံး အင်အားက အတော့်ကို နည်းသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Uranium သုံးစွဲမှုပဲ ဖြစ်ပါတယ်။ ယာဉ် ၁၀၀၀၀ ပါတဲ့ တပ်ဖွဲကို လွတ်ဖို့ဆိုတာအတော်မလွယ်ပါဘူး။ Corvette ချည့်ပဲ လွှတ်ရင်တောင်မှ tiles တစ်ခုကို 10 Uranium ကုန်ကျမှာ ဖြစ်ပါတယ်။ 100 tiles ဆိုရင်တောင်မှ ၁၀၀၀ ယူရေနီယမ် ကုန်ကျမှာဖြစ်ပါတယ်။ အဲဒီတော့ တိုက်ပွဲတွေက နီးနီနားနားမှာပဲ ဖြစ်တော့မှာပါ။ အဲဒီတော့ ခံစစ်သမားက သာပါတယ်။ ရန်သူကို တစ်ခါတိုက်လိုက်တာနဲ့ ယူရေနီယမ် အတော်များများကို ဆုံးရှုံးလိုက်ရမှာ ဖြစ်ပါတယ်။

Blogger များအတွက် သတင်းကောင်း

မြန်မာနိုင်ငံမှာ ရှိတဲ့ ဝက်ဆိုက် ပိုင်ရှင်တွေကို သတင်းကောင်း တစ်ခု ပါးချင်ပါတယ်။ အဲဒါကတော့ Steempress plugin ကို မိမိဝက်ဆိုက်မှာ install လုပ်ပြီးတော့ အပိုဝင်ငွေရှာနိုင်နေပြီ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ မိမိရေးသားတဲ့ စာပေ၊ […]

FPL-Week 7 Player selection

ဒီတစ်ပတ်မှာ ခြေစွမ်းပြနိုင်တဲ့ (ရွက်ပုန်းသီး) ကစားသမားလေးယောက်ကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ရွေးတာတော့ မဟုတ်ပါဘူး။ သူတို့ ရွေးထားတာတွေကို ဘာသာပြန်ပြတာပါ။ အဲဒီလူတွေကတော့ Dwight McNeil (BUR) £6.0m Erik Lamela (TOT) £6.1m […]

Leave a Reply

Your email address will not be published. Required fields are marked *