ရွှေ ရွှေ ရွှေ

 ပြောရရင်တော့ မနေ့ကနဲ့ တနေ့ကနဲ့ မှာ ကံအတော်ကောင်းနေတယ်လို့ ပြောရမယ်။ မနေ့က ရွှေကဒ်တစ်ခု တစ်နေ့က ရွှေကဒ် တစ်ခု ရပါတယ်။ Rare ကဒ်က သုံးခုရပါတယ်။ Common ကလဲ သုံးခုပါပဲ။ Gold II ကို ပြန်ဆင့်းသွားတဲ့အတွက် ကဒ် ၇ ခုပဲ ရပါတော့တယ်။

တစ်နေ့ကလဲ ရွှေကဒ် တစ်ခုရပါတယ်။ ဒီကဒ်ကတော့ ပိုပြီးတော့ တန်ပါတယ်။ ၃ ဒေါ်လာကျော်လောက် ပေါက်ပါတယ်။ ဒါပေမဲ့ မရောင်းသေးပါဘူး။သိမ်းထားပါတယ်။

Bettle queen ကဒ်နှစ်ခုတော့ ရထားပါပြီ။ ဒါပေမဲ့ လယ်ဗယ် ၄ အထိကို ဘာ စွမ်းအားမှ မပါသေးပါဘူး။ လယ်ဗယ် ၅ ရောက်မှ သွေးဖြည့်တာပါလာပြီးတော့ လယ်ဗယ် ၈ မှာကတော့ melee damage ကို ၁ ပေါင်းထည့်ပေးပါတယ်။

အခုအချိန်မှာတော့ ရွှေရောင် ကဒ်တွေ ဝယ်စုနေပါတယ်။ ရွှေရောင် ကဒ်နဲ့ ဆိုရင် DEC ရတာ ပိုများပါတယ်။ မူလရရှိမဲ့ DEC ထက် ၁၀% ပိုများပါတယ်။ ရေရှည်မှာတော့ ရရှိတဲ့ ပမာဏ က ကွာခြားသွားမှာ ဖြစ်ပါတယ်။

Portion နှစ်ခု ဝယ်ထားပါတယ်။ ကံများကောင်းလေ မလားပေါ့။ ဒါပေမဲ့ Gold တွေပဲ ရပြီးတော့ Legendary တွေကတော့ မရပါဘူး။ အောက်က ၁၀၀% ဆေးပုလင်းကတော့ Mystery box ကနေ ရတာပါ။ အခုအချိန်ထိတော့ သိပ်ပြီး တန်ဖိုး ရှိတာ မရသေးပါဘူး။ ဒီနေ့ တော့ orb တစ်ခုပေါက်ပါတယ်။ ဖွင့်လိုက်တော့လဲ သိပ်ပြီး တန်ဖိုးရှိတာ မပေါက်ပါဘူး။

 ပေးထားရတာက ၅၇၀၀ ပြန်ရတာကတော့  orb တစ်ခု ၂၃၇၅ ရယ်။ ၃၈၀ (၁၉၀၀၀။၅၀) ရယ် နောက်ပြီးတော့ ကဒ်နှစ်ခုရယ်ပဲ ရပါတယ်။

သိပ်ပြီး တန်ဖိုး ရှိတာတော့ မပါပါဘူး။ ဟုတ်တယ် မဟုတ်လားဗျ။

NC မှာ ကံမကောင်းသေးပါလား

SM မှာတော့ ကံအနည်းငယ် ကောင်းလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ NC မှာတော့ ကံမကောင်းသေးပါဘူး။ မနေ့က SM ကနေ Gold ကဒ် တစ်ခုရလိုက်ပါတယ်။ ၃ ဒေါ်လာကျော်တန်ပါတယ်။ Rare ကဒ်ကတော့ […]

ရာသီကုန် နောက်ဆုံးနေ့များ

SM ရာသီကတော့ မနက်ဖြန်ဆိုရင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Gold I မှာပဲ ရှိနေပါသေးတယ်။ Diamond ကို တက်လှမ်းဖို့တော့ မဖြစ်နိုင်တော့ဘူးထင်ပါတယ်။ ဘာပဲ ပြောပြော ကဒ် ၃၀ လောက်ရမယ်ဆိုတော့ မဆိုးဘူးလို့ပဲ […]

Leave a Reply

Your email address will not be published. Required fields are marked *