ကံကောင်းနေပြန်ပြီလား

အပေါ်ကပုံကတော့ တစ်နေ့က rewards ရထားတဲ့ပုံ ဖြစ်ပါတယ်။ Epic summoner တစ်ကဒ်နဲ့ Rare တစ်ကဒ် ရပါတယ်။

ဒီပုံကတော့ မနေ့က ပုံဖြစ်ပါတယ်။ Epic ကဒ်တစ်ကဒ် rare ကဒ်က နှစ်ကဒ်နဲ့ common ၅ ကဒ် ရပါတယ်။ နေ့တိုင်း epic တစ်ကဒ် ရနေရင်တော့ မဆိုးလှဘူးလို့ ထင်ပါတယ်။ Legendary ရရင်တော့ ပိုကောင်းတာပေါ့။

အဲဒီနေ့ မတိုင်ခင်ကတော့ Rare တစ်ကဒ်ပဲ ရပါတယ်။ ကဒ် ၆ ကဒ်ဆိုရင် rare တစ်ကဒ်ပဲ ရပြီးတော့ ကဒ် ခုနှစ်ကဒ်ဆိုရင် epic တစ်ကဒ်ပါပါတယ်။ တစ်ကယ်လို့ ကဒ်ရှစ်ကဒ်ဆိုရင် epic တစ်ကဒ်နဲ့ rare နှစ်ကဒ်ပါတယ်မယ်လို့များ ဖော်မြူလာ ထုတ်လို့ရမလား။ ဒါမှ မဟုတ် ၅ ကဒ်အထိကု common ကဒ်တွေပဲ ပေးပြီးတော့ ၅ ကဒ်ထက်ကျော်ရင်တော့ rare တွေ epci တွေကိုများထည့်ပေးနေသလား။ ဘာပဲ ပြောပြော Gold I အထိ ရောက်အောင် လုပ်ထားရတာ တန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

အခု အသုံးများနေတဲ့ ကဒ်က စစ်သားပဲ ဖြစ်ပါတယ်။ အရင်တုန်းကလဲ စစ်သားတပ်ဖွဲ့ကိုပဲ သုံးခဲ့တာပါ။ ဒီတစ်ခါတော့ ပိုပြီးတော့ ကောင်းလာတယ်လို့ ထင်ပါတယ်။ ကဒ်အသစ်တွေ စတင်ပြီးတော့ ရောင်းချပေးနေပါပြီ။ အိတ်ထဲမှာကလဲ ပိုက်ဆံ မရှိတော့ မဝယ်နိုင်သေးဘူး ဖြစ်နေတယ်။

Untamed စီးရီးကတော့ စနေပါပြီ။

အပြိုင်အဆိုင် ဝယ်နေကြတာ အားကျစရာပါပဲ။ ပထမတစ်ကြီမ်းတုန်းက kick starter မှာအတော်လေးကို အကျိုးအမြတ်ရထားခဲ့ကြပါတယ်။ အဲဒီအတွက် ဒီတစ်ခါမှာတော့ ပိုက်ဆံသုံးဖို့ ဝန်မလေး ကြတော့ပါဘူး။ ဒေါ်လာ ၂၀၀ လှူရင် အောက်က အောက်မှာ ရေးထားတဲ့ အရာတွေ ရမှာ ဖြစ်ပါတယ်။

 Zintar Mortalis physical deck လေးတော့ လိုချင်မိသားဗျ။ ဘယ်လို့ပုံ ဖြစ်လာမလဲတော့ မသိပါဘူး။ ကမ္ဘာ့ဘယ်နေရာကို မဆိုပို့ပေးမယ်ဆိုတော့ မြန်မာနိုင်ငံလဲ ရောက်မယ်ထင်ပါတယ်။ စိတ်ဝင်စားတဲ့သူ ရှိရင်လဲ ပြောပါဦးဗျ။ စုဝယ်ကြရအောင်။

https://www.kickstarter.com/projects/526764488/splinterlands-untamed-a-blockchain-trading-card-game?

GOLD I ရောက်ပြီ

ဒီနေ့တော့ GOLD I ကို အောင်မြင်စွာနဲ့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ Gold I ရောက်သွားပြီ ဖြစ်တဲ့အတွက် ရာသီကုန်ရင် Silver I ကနေ ပြန်စရမှာ ဖြစ်ပါတယ်။ ရာသီကုန်မှာ ကဒ် ၃၀ […]

NC မှာ ကံမကောင်းသေးပါလား

SM မှာတော့ ကံအနည်းငယ် ကောင်းလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ NC မှာတော့ ကံမကောင်းသေးပါဘူး။ မနေ့က SM ကနေ Gold ကဒ် တစ်ခုရလိုက်ပါတယ်။ ၃ ဒေါ်လာကျော်တန်ပါတယ်။ Rare ကဒ်ကတော့ […]

Leave a Reply

Your email address will not be published. Required fields are marked *