GOLD I ရောက်ပြီ

ဒီနေ့တော့ GOLD I ကို အောင်မြင်စွာနဲ့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ Gold I ရောက်သွားပြီ ဖြစ်တဲ့အတွက် ရာသီကုန်ရင် Silver I ကနေ ပြန်စရမှာ ဖြစ်ပါတယ်။ ရာသီကုန်မှာ ကဒ် ၃၀ အထိ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ ကဒ်များလေလေ ကောင်းတာရဖို့ အခွင့်အရေး များလေလေပါပဲ။ ဒါပေမဲ့ ကိုယ့်ကံကိုက မကောင်းရင်တော့လဲ မတတ်နိုင်ဘူးပေါ့ဗျာ။

https://steemmonsters.com?p=battle&id=4e1678f2c40d71b3200e6911eecdedbac334bacc&ref=mmunited

ဒီနေ့တော့ အပေါ်က တိုက်ပွဲလေးကို မျှဝေချင်ပါတယ်။ Silence summoner စည်းမျည်းမှာ တစ်ဖက်လူက ရေလှိုင်းသုံးလာမယ်ဆိုရင် Clay Golem + Crystal Werewolf အတွဲ က အကောင်းဆုံးပါပဲ။ သူ့ ကဒ်တွေက ကျွန်တော့်ထက်တောင် သာနေပါသေးတယ်။ Summoner က လယ်ဗယ် တစ်ဆင့် ပိုမြင့်တဲ့အတွက် Sea Genie က လယ်ဗယ် ၆ ဖြစ်နေပါတယ်။ ကျန်တဲ့ ကဒ်တွေ ကတော့ အတူတူပါပဲ။

Crystal Werewolf က magic ကို ၁ လျှေ့ပေးတဲ့အတွက် အောက်ကပုံအတိုင်းပဲ ကျန်ပါတော့တယ်။

အဲဒါကို Clay Golem က ထပ်ပြီးတော့ ၁ လျှော့ပါသေးတယ်။ Medusa နဲ့ Sea Genie က သုံးမရ ဖြစ်သွားပါတယ်။ Medusa ရဲ့ မူးတာ တစ်ခုပဲ ကျန်ပါတော့တယ်။ Ruler of the Seas ကလဲ ယဲ့ယဲ့ပဲ ကျန်ပါတယ်။ ဒီကြားထဲ့ Divine Healer က သွေးပြန်ဖြည့်ပေးနေတော့၊ Armorsmith ကလဲ ဒိုင်းပြန်ပြန်တင်ပေးနေတော့ ရန်သူ့အနေနဲ့ ဘာမှကို လုပ်လို့ မရဘူး ဖြစ်သွားပါတယ်။

ကျွန်တော့်ဆီမှာ Peakrider တစ်ကဒ်ရှိပါတယ်။ သူများကနေ ခဏပေးထားတာပါ။ သူက armor ကို ၃ ပေါင်းပေးပြီးတော့ Range attack ကို ၁ လျှော့ပေးပါတယ်။ သူနဲ့ Clay Golem နဲ့ကို တွဲသုံးရင် Magic ကိုရော Range ကို ရော ကြောက်စရာ မလိုပါဘူး။ သူများတွေထက်လဲ ပိုပြီး ခံနိုင်ရည်ရှိပါတယ်။ မကောင်းတာကတော့ ၅ mana သုံးရတာပါ။ ကောင်းတဲ့အချက်ကတော့ GF ဖြစ်နေတာပါပဲ။

ယာဉ် ၂၀၀၀၀ ပြည့်ခဲ့ပြီ

ဒီနေ့မှာတော့ ယာဉ် ၂၀၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အဆင့်ကတော့ ၇ ဖြစ်ပါတယ်။ ထုတ်လုပ်မှုပိုင်းမှာတော့ အဆင့် ၁၅ ဖြစ်သွားပါပြီ။ ယာဉ် ဖျက်ဆီးမှုမှာတော့ အဆင့် ၈ နေရာမှာ ရောက်နေပါတယ်။ ထုတ်လုပ်မှုကတော့ အတော့်ကို […]

ကံကောင်းနေပြန်ပြီလား

အပေါ်ကပုံကတော့ တစ်နေ့က rewards ရထားတဲ့ပုံ ဖြစ်ပါတယ်။ Epic summoner တစ်ကဒ်နဲ့ Rare တစ်ကဒ် ရပါတယ်။ ဒီပုံကတော့ မနေ့က ပုံဖြစ်ပါတယ်။ Epic ကဒ်တစ်ကဒ် rare ကဒ်က နှစ်ကဒ်နဲ့ common […]

Leave a Reply

Your email address will not be published. Required fields are marked *