SM battles I liked for today

https://steemmonsters.com?p=battle&id=f7e5c5152031c1162aff8b5c1a8f1b164379d785&ref=mmunited

ဒါကတော့ ကျွန်တော်သဘောကျမိတဲ့ ပထမဆုံး တိုက်ပွဲပဲ ဖြစ်ပါတယ်။ စည်းမျၿဉ်းကတော့ reverse speed နဲ့ little league ပဲ ဖြစ်ပါတယ်။ ကျွန်တော်က quest ကို စစ်သားနဲ့ လုပ်ရမဲ့ အလှည့်ကျနေပါတယ်။ ရှုံးကာမှ ရှုံးရော စစ်သားကိုပဲ ရွေးရမှာပါ။ အဲဒီတော့ crystal werewolf, silvershield warrior, peacebinger နဲ့ creeping ooze ကို ရွေးလိုက်ပါတယ်။ တစ်ကယ်တော့ creeping ooze ကို ရွေးတာကလဲ မှားယွင်းမှု တစ်ခုပါပဲ။ ရန်သူကို အရင်တိုက်ခွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ သူ့ဘက်ကတော့ cerbeus, drumpy dwarf နဲ့ fire bettle ကို ရွေးထားပါတယ်။

ကျွန်တော့်ဘက်ကတော့ ရှေ့ဆုံးက အကောင်ကို ဦးတည်ချက်ထားတိုက်ပြီ:တော့ သူ့ဘက်ကတော့ ရှေ့ဆုံးနဲ့ အလယ်ကို ရည်ရွယ်ပါတယ်။ အဲဒီအတွက် ကြောင့်လဲ ဒီပွဲမှာ ကျွန်တော်နိုင်သွားတယ်လို့ ထင်ပါတယ်။ သူ့တိုက်စစ်က ပြန့်ကျဲနေပြီးတော့ ကျွန်တော့်တိုက်စစ်က တစ်နေရာကိုမှာပဲ ရှိနေပါတယ်။

https://steemmonsters.com?p=battle&id=7fdb432e9564314fb8a70ba506ec7e2d2f79d555&ref=mmunited

ဒီပွဲကလဲ ရှုံးမယ်လို့ ထင်ထားတာပါ။ ဒါပေမဲ့ နိုင်သွားပါတယ်။ Earthquake စည်းမျဉ်းနဲ့ ကစားရတာ ဖြစ်တဲ့အတွက် ပျံနိုင်တဲ့ အကောင်နှစ်ကောင်ရွေးထားပါတယ်။ သူ့ရဲ့ sea monster စောစောကျသွားတာကလဲ အနိုင်အရှုံးကို ဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့ pirate archer ကလဲ သိပ်အသုံးမတည့်ပါဘူး။ Sea genie တစ်ကောင်ပဲ အသုံးတည့်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ lightning dragon က အရမ်းကို အင်အားကြီးလွန်းနေပါတယ်။ အဝေးပစ်ကို damage ၄ အထိ ထိနိုင်ပါတယ်။ နိုင်ပွဲရလိုက်တဲ့ အကြောင်းရင်းထဲမှာ sea monster ကို တားဆီးလိုက်နိုင်တာလဲ အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ Sea genie က အစွမ်းထက်ပေမဲ့ နိုင်ပွဲတစ်ခုရအောင်တော့ မစွမ်းဆောင်နိုင်ပါဘူး။

FPL week-8 final result

ဒီတစ်ပတ်မှာကတော့ ၄၅ မှတ်ပဲ ရပါတယ်။ အခြားသူတွေလဲ အမှတ်နည်းမယ်လို့ ထင်ပါတယ်။ လီဗာပူး။ ချဲလ်ဆီးနဲ့ အာဆင်နယ်ပဲ နိုင်ပါတယ်။ မန်ယူ၊ မန်စီးတီးနဲ့ စပါး ရှုံးပါတယ်။ ပြီးခဲ့တဲ့ အပတ်က ခြေစွမ်းပြခဲ့တဲ့ လီဆက်စတာလဲ ရှုံးသွားပါတယ်။ […]

ယာဉ် ၂၀၀၀၀ ပြည့်ခဲ့ပြီ

ဒီနေ့မှာတော့ ယာဉ် ၂၀၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အဆင့်ကတော့ ၇ ဖြစ်ပါတယ်။ ထုတ်လုပ်မှုပိုင်းမှာတော့ အဆင့် ၁၅ ဖြစ်သွားပါပြီ။ ယာဉ် ဖျက်ဆီးမှုမှာတော့ အဆင့် ၈ နေရာမှာ ရောက်နေပါတယ်။ ထုတ်လုပ်မှုကတော့ အတော့်ကို […]

Leave a Reply

Your email address will not be published. Required fields are marked *