FPL week-8 final result

ဒီတစ်ပတ်မှာကတော့ ၄၅ မှတ်ပဲ ရပါတယ်။ အခြားသူတွေလဲ အမှတ်နည်းမယ်လို့ ထင်ပါတယ်။ လီဗာပူး။ ချဲလ်ဆီးနဲ့ အာဆင်နယ်ပဲ နိုင်ပါတယ်။ မန်ယူ၊ မန်စီးတီးနဲ့ စပါး ရှုံးပါတယ်။ ပြီးခဲ့တဲ့ အပတ်က ခြေစွမ်းပြခဲ့တဲ့ လီဆက်စတာလဲ ရှုံးသွားပါတယ်။ ကျွန်တော့်အသင်းက မန်စီးတီးကို အခြေခံထားတာ ဆိုတော့ မန်စီးတီး ရှုံးသွားတာနဲ့ အမှတ်တွေက နည်းသွားမှာ ဖြစ်ပါတယ်။

တစ်ကယ်တော့ ကျွန်တော့်အသင်းမှာ Vestergaard ကို ရွေးထားတာပါ။ သူက ဒီအပတ်ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ အဲဒီအတွက် အရန်အသင်းထဲက လူတစ်ယောက်နဲ့ အစားထိုးပေးပါတယ်။ အဲဒီလို လူစားထိုးပေးတဲ့ နေရာမှာလဲ ဂိုးသမားဘေးက ကပ်လျက် တစ်ယောက်နဲ့ လူစားလဲပေးပါတယ်။ ဒါက ဒုတိယ မြောက်ပွဲပါ။ အဲဒီတော့ အကောင်းဆုံး အရန်လူကို မျှားပြထားတဲ့ နေရာမှာထားဖို့ အကြံပြုလိုပါတယ်။

Patrício ကတော့ ဆက်တိုက်လက်စွမ်းပြနေပါတယ်။ ဒီတစ်ပတ်တော့သူ့ကို အမိုက်ခံပြီး ပြန်ရွေးထားလိုက်တာ မှန်သွားပါတယ်။ Lundstram နဲ့ Coady လဲ ခြေစွမ်းပြပါတယ်။ Mount နဲ့ Abraham ရော ခြေစွမ်းပြနေပါတယ်။ ဒီတစ်ပတ်လဲ အသင်းခေါင်းဆောင်ရွေးတာ မှားနေပါတယ်။ လီဗာပူးကို ရွေးရင် ကောင်းမလားပဲ ဒါမှ သူရှုံးသွားမှာ။

စတာလင်းကလဲ ခြေစွမ်းကျနေပါပြီ။ လီဗာပူးကလဲ ဂိုးတွေ အများကြီး မသွင်းနိုင်တော့ပေမဲ့ လိုအပ်နေတဲ့ အဖိုးတန် ရမှတ်တွေကိုတော့ ရယူနိုင်နေဆဲပဲ ဖြစ်ပါတယ်။ ဒီရာသီမှာတော့ လီဗာပူးပဲ ချန်ပီယံ ဖြစ်လာလေမလား။

၈ ပွဲဆက်တိုက် အနိုင်ရပြီးတော့ ဒုတိယနေရာက မန်စီးတီး အသင်းကို ၈ မှတ်ဖြတ်ထားပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင်တော့ ပရီးမီးယားလိဂ်က သူ့အတွက်ပဲ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ် ရထားတော့ ဒီနှစ်မှာ ပရီးမီးယား လိဂ်ကိုများ ဦးတည်ချက် ထားနေသလား။

ယာဉ် ၁၉၀၀၀ ပြည့်ခဲ့ပြီ

ဒီနေ့တော့ ယာဉ် ၁၉၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ပြည့်ဖို့အတွက် အချိန်တစ်ခုပဲ စောင့်လိုက်ရပါတယ်။ နောက်ထပ်ရည်မှန်းချက်ကတော့ ယာဉ် ၂၀၀၀၀ ပြည့်ဖို့ပဲ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတော့ ယာဉ်ထုတ်လုပ်မှုကို ခဏ ရပ်နားထားပြီးတော့ အဓိက ဂြိုဟ်တွေမှာ […]

SM battles I liked for today

https://steemmonsters.com?p=battle&id=f7e5c5152031c1162aff8b5c1a8f1b164379d785&ref=mmunited ဒါကတော့ ကျွန်တော်သဘောကျမိတဲ့ ပထမဆုံး တိုက်ပွဲပဲ ဖြစ်ပါတယ်။ စည်းမျၿဉ်းကတော့ reverse speed နဲ့ little league ပဲ ဖြစ်ပါတယ်။ ကျွန်တော်က quest ကို စစ်သားနဲ့ လုပ်ရမဲ့ အလှည့်ကျနေပါတယ်။ […]

Leave a Reply

Your email address will not be published. Required fields are marked *