Gold III ရောက်ပ​ြီ

ဒီနေ့တော့ Gold III ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ရာသီပြီးဖို့က တော့ ဆယ်ရက်ကျော်လိုပါသေးတယ်။ ပြီးခဲ့တဲ့ ရာသီမှာတော့ Gold II အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဘယ်လောက် အထိ တက်လှမ်းနိုင်မလဲ ဆိုတာ မသိပါဘူး။ Gold III မှာက quest တစ်ခုပြီးသွားတိုင်း rewards ကဒ် ၆ခု ရပါတယ်။

ကဒ်ကများများ ရလေလေကောင်းလေ ပဲပေါ့။ ဒါပေမဲ့ ကိုယ်ရောက်နေတဲ့ လိဂ်ကနေ ကျမသွားဖို့ ထိမ်းထားဖို့ပဲ လိုပါတယ်။ ဒါဆိုရင် နေ့တိုင်း တစ်နေ့ကို ကဒ် ၆ ခုရရှိနေမှာ ဖြစ်ပါတယ်။

https://splinterlands.io?p=battle&id=d4491d8078836ec219994efae3cd374669a4ddbf&ref=mmunited

ဒီကနေ့မှာတော့ အပေါ်က တိုက်ပွဲကိုပဲ ရည်ညွှန်းချင်ပါတယ်။ သာမန်အားဖြင့်ဆိုရင် ruler of the seas ပါတဲ့ အကောင့်ကို အနိုင်ရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ အခုဟာက Target practice ဆိုတဲ့ စည်းမျည်းနဲ့ ကစားရတဲ့ ပွဲ ဖြစ်နေပါတယ်။ Ruler of the seas က ကောင်းပေမဲ့ နိုင်ပွဲ တစ်ခု ရလောက်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

https://splinterlands.io?p=battle&id=c79dfcd97f5a6f08200226bbb35e96c3c5dc1f7c&ref=mmunited

ဒီပွဲလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ double sneak ကို Selenia Sky နဲ့ လုပ်သွားတာပါ။ နှစ်ကောင်ပေါင်းကို သွေးငါးခု အထိကျစေတဲ့ အတွက် နောက်ဆုံးက ကောင်ကတော့ ရှင်ဖို့ သိပ်မလွယ်ပါဘူး။ ကြည့်ရတာ တန်မယ်လို့ ထင်ပါတယ်။

ပွဲတိုင်းတော့ သုံးလို့ မရပါဘူး။ သစ်ရွက်မှာ ကတော့ သုံးလို့ အတော်အဆင်ပြေပါတယ်။ water နဲ့ တွေ့ခဲ့ရင်ပေါ့။

Silver I ရောက်ပြီ

ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး သကာလ နောက်ဆုံးမှာတော့ Silver I ကို ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ Dec capture rate ကတော့ အတော်ကို ကျသွားပါတယ်။ ၅၇ % ပဲ ကျန်ရှိပါတော့တယ်။ နီးလာမှ […]

ယာဉ် ၁၉၀၀၀ ပြည့်ခဲ့ပြီ

ဒီနေ့တော့ ယာဉ် ၁၉၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ပြည့်ဖို့အတွက် အချိန်တစ်ခုပဲ စောင့်လိုက်ရပါတယ်။ နောက်ထပ်ရည်မှန်းချက်ကတော့ ယာဉ် ၂၀၀၀၀ ပြည့်ဖို့ပဲ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတော့ ယာဉ်ထုတ်လုပ်မှုကို ခဏ ရပ်နားထားပြီးတော့ အဓိက ဂြိုဟ်တွေမှာ […]

Leave a Reply

Your email address will not be published. Required fields are marked *