အလုပ်များတဲ့နေ့ တစ်နေ့

ဒီနေ့ကတော့ အတော်ကို အလုပ်များနေတဲ့ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ အခု ဒီစာကိုတောင် အိပ်ချင် မူးတူးနဲ့ ရေးထားတာ ဖြစ်ပါတယ်။ အလုပ်က ပြန်ရောက်ရောက်ချင်း ဂိမ်းတွေကို ဦးစားပေး လုပ်နေရတာနဲ့ အပ်ဗုတ်ပေးတာကိုတောင်မှ နောက်ကျမှ ပေးဖြစ်ပါတယ်။ ပိုစ့်တွေ အကုန်လုံးကိုတော့ အပ်ဗုတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အပ်ဗုတ်ပေးတဲ့ အချိန်နောက်ကျသွားတဲ့အတွက် အနည်းငယ်တော့ အဆင်မပြေဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်။

ဒီနေ့ကတော့ နိုင်ပွဲတစ်ပွဲရလိုက်ပါတယ်။ ကျွန်တော် ပို့လိုက်တဲ့ ယာဉ်အရေအတွက်ကများလွန်းပါတယ်။ ယာဉ်စီးရေ ငါးရာနဲ့ seige လုပ်ထားတာ ဖြစ်ပါတယ်။ သူ့က ပြန်တိုက်တဲ့ အချိန်မှာ frigate ဆယ်စီး ပျက်စီးသွားပါတယ်။ သူ့ဘက်ကတော့ ယာဉ်စီးရေ ၁၂၉ စီး ပျက်စီသွားပါတယ်။ တစ်ကယ်က သူ့ဆီမှာ အဲဒီထက် မကတဲ့ ယာဉ်တွေရှိပါတယ်။ ကပ်လျက်က ဂြိုဟ်မှာ ယာဉ်စီးရေ ၇၅ စီးရှိပေါတယ်။ အဲဒီယာဉ်တွေကို ပေါင်းထည့်ပြီး ခံစစ်ဆင်မယ်ဆိုရင် ယာဉ်စီးရေ ၂၀၀ ကျော်ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကို တွက်ချက်ပြီး ယာဉ် ၅၀၀ နဲ့ seige လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် မိတ်ဆွေ တစ်ယောက်က အဲဒီဂြိဟ်ကို seige လုပ်ထားတဲ့အတွက် သူ့မှာရှိတဲ့ အင်အားကို အပြည့်အဝ မစုစည်းနိင်တော့ဘူးဖြစ်သွားပါတယ်။ တစ်ကယ်လို့သာ ပေါင်းစည်းမိသွားရင် ကျွန်တော့်အနေနဲ့ ဒီထက်ပိုပြီး ပျက်စီးဆုံးရှုံးမှု ရှိနိုင်ပါတယ်။

ဝမ်းသာစရာ ကောင်းတဲ့ အချက်တစ်ခုတော့ steemit ပေါ်မှာ ရှိနေတဲ့ မြန်မာ အတော်များများ ယူနီကုဒ်ကို သုံးနေကြပြီ ဆိုတာပါပဲ။ လူအနည်းငယ်ကပဲ ဇော်ဂျီဆက်သုံးနေပါတယ်။ ယာဉ်တွေ ထုတ်လုပ်နေတာ ၁၈၀၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ တိုက်စရာ ရန်သူတွေကတော့ ရှိနေပါသေးတယ်။ ရန်သူက အဝေကြီးမှာ ရှိနေတာက ပြဿနာ တစ်ခုပဲ ဖြစ်ပါတယ်။ အဝေးကြီး ဖြစ်တဲ့အတွက် အလစ်အကိုက်ရဖို့ မလွယဘူး ဖြစ်နေပါတယ်။

Silver II ကို ရောက်ပြီ

ဒီနေ့မှာတော့ Silver II ကို ရောက်ရှိပြီ ဖြစ်ပါတယ်။ ရာသီ အစပိုင်းဆိုတော့ တိုက်ရတာ သိပ်မလွယ်ပါဘူး။ Silver II ကို ရောက်ဖို့ကို DEC caprture rate အတော်ကို အကျခံပြီးတော့မှ ရောက်ပါတယ်။ […]

Silver I ရောက်ပြီ

ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး သကာလ နောက်ဆုံးမှာတော့ Silver I ကို ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ Dec capture rate ကတော့ အတော်ကို ကျသွားပါတယ်။ ၅၇ % ပဲ ကျန်ရှိပါတော့တယ်။ နီးလာမှ […]

Leave a Reply

Your email address will not be published. Required fields are marked *