Silver II ကို ရောက်ပြီ

ဒီနေ့မှာတော့ Silver II ကို ရောက်ရှိပြီ ဖြစ်ပါတယ်။ ရာသီ အစပိုင်းဆိုတော့ တိုက်ရတာ သိပ်မလွယ်ပါဘူး။ Silver II ကို ရောက်ဖို့ကို DEC caprture rate အတော်ကို အကျခံပြီးတော့မှ ရောက်ပါတယ်။ နောက်ပိုင်းမှာတော့ ပိုပြီး လွယ်လာမယ်လို့ ထင်ပါတယ်။

ကျွန်တော် သဘောကျမိတဲ့ battle လေးတစ်ခုကို ရှယ်ယာလုပ်ချင်ပါတယ်။

https://steemmonsters.com?p=battle&id=460f07f6238b2e54456f78898d6c9c0643f90854&ref=mmunited

တစ်ကယ်ဆိုရင် သရေကျရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ဘက်ကတော့ ရှုံးစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံးအလှည့်မှာ သူတိုက်တာ ချော်သွားတဲ့ အတွက် ကျွန်တော်က အဲဒီပွဲကို နိုင်လိုက်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

အပေါ်ကပုံကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက ရခဲ့တဲ့ ကဒ်တွေပဲ ဖြစ်ပါတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ရွှေရောင် ကဒ်ကလဲ တစ်ခုပဲ ပါပါတယ်။ ကျန်တာတွေ က သိပ်ပြီးတော့ တန်ဖိုးမရှိလှပါဘူး။ ကျွန်တော့်ကံကတော့ အခုအချိန်အထိ မကောင်းနိုင်သေးပါဘူး။ ဒါပေမဲ့CK lottery မှာတော့ အတော်လေးကို ကောင်းတာလေးတွေ ရထားပါတယ်။ ဒီလိုပဲ ဆက်ရနေမယ်ဆိုရင်တော့ အတော်အဆင်ပြေပါတယ်။ ဘာတွေ ရသလဲ ဆိုတာကိုတော့ နောက်မှပဲ ပိုစ့်တင်ဦးမှာ ဖြစ်ပါတယ်။

 လောလောဆယ်မှာတော့ ၁၀၀၀ SP delegation ရထားပါတယ်။ နောက်ပြီးတော့ ပိုစ့်တစ်ခုတင်တာနဲ့ spt ၅၀ ကနေ ၇၀ ကြားမှာ ရပါတယ်။ SPT က DEC နဲ့ ဈေးသိပ်မကွာပါဘူး။ အဲဒီအတွက် တစ်ရက်ကို ၅၀ DEC လောက် အလကားရနေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကျွန်တော်က ပြိုင်ပွဲတွေမှာလဲ ဝင်ပြိုင်ပါတယ်။ အဲဒီကနေလဲ DEC တွေ ထပ်ရနေပါသေးတယ်။ ကဒ်ကောင်းတာလေးတွေပဲ ရဖို့လိုနေပြီ ဖြစ်ပါတယ်။ ဒီနေ့ ပြိုင်ပွဲမှာတော့ စောစောစီးစီး ထွက်လိုက်ရပါတယ်။

FPL week-7 final result

ဒီအပတ်မှာကတော့ ၄၅ မှတ်ပဲ ရလိုက်ပါတယ်။ ကို @aggamun တောင်မှ ကျွန်တော့်ကို ကျော်တက်သွားပါပြီ။ ဆုရဖို့ကလဲ မျှော်လင့်ချက် မရှိတော့ပါဘူး။ အဆိုးဆုံးကတော့ ကိုယ် သဘောမကျလို့ လဲ လိုက်တဲ့သူတွေက ခြေစွမ်း လက်စွမ်းတွေ ပြနေတာပါပဲ။ […]

အလုပ်များတဲ့နေ့ တစ်နေ့

ဒီနေ့ကတော့ အတော်ကို အလုပ်များနေတဲ့ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ အခု ဒီစာကိုတောင် အိပ်ချင် မူးတူးနဲ့ ရေးထားတာ ဖြစ်ပါတယ်။ အလုပ်က ပြန်ရောက်ရောက်ချင်း ဂိမ်းတွေကို ဦးစားပေး လုပ်နေရတာနဲ့ အပ်ဗုတ်ပေးတာကိုတောင်မှ နောက်ကျမှ ပေးဖြစ်ပါတယ်။ ပိုစ့်တွေ […]

Leave a Reply

Your email address will not be published. Required fields are marked *