Gold II ရောက်ပ​ြီ

ကို @aggamun ရေ။ ကျွန်တော်တော့ Gold II ရောက်ပ​ြီဗျ။ ဒီရာသီမှာ Gold II တော့ မရောက်နိုင်ဘူး ထင်ထားတာ။ ဒါပေမဲ့ အချိန်မီကလေးပဲ ရောက်သွားပါတယ်။ နောက်ဆုံးနိုင်တဲ့ battle ကိုတော့ ကြွားလိုက်ပါဦးမယ်။

စည်းမျည်းကတော့ unprotected နဲ့ broken arrow ပဲ ဖြစ်ပါတယ်။ ဒိုင်းကာတွေ မပါပါဘူး။ အဝေးပစ်ကိုလဲ သုံးလို့မရပါဘူး။ အဲဒီအတွက် ဒိင်းကာ မပါတာနဲ့ အဝေးပစ်မပါတာကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒိုင်းကာပါတာကို ရွေးလို့လဲ သူက ဖြုတ်ပစ်မှာဆိုတော့ သိပ်မထူးပါဘူး။

 ပြောရမယ်ဆိုရင်တော့ ကျွန်တော်က လယ်ဗယ် တစ်ဆင့်သာပါတယ်။ ပြီးတော့ ရှော့နဲ့ နောက်နဲ့ကို မျှပြီးတော့ တိုက်ထားပါတယ်။ သူကတော့ သွေးနှစ်ခါ ပြန်ဖြည့်နိုင်ပြီးတော့ နောက်ဆုံးက အကောင်ကို တိုက်ထားပါတယ်။

ဒီနေရာမှာ အဆုံးအဖြတ်ပေးသွားတာကတော့ PIT ORGE ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ stun နဲ့ enrage ကို တစ်ဖက် tank က မယှဉ်နိုင်ပါဘူး။

ပုံမှန် အခြေအနေမှာ speed က ၂ ရှိနေပြီးတော့ damage က ၄ ရှိပါတယ်။ (Summoner ကြောင့် ၁ ပေါင်းထားပါတယ်)။

သူ့ကို ထိတဲ့ အချိန်မှာ ဒေါသပြီးလာပြီးတော့ speed က ၃ damage က ၆ ဖြစ်သွားပါတယ်။ ကံကောင်းတဲ့ အချက်ကတော့ ပထမဆုံးတိုက်ခိုက်မှုမှာပဲ stun က တန်းဝင်ပါတယ်။ Stun ဝင်သွားတဲ့ အချိန်မှာ ရန်သူ့ရဲ့ flesh golem က တိုက်လဲ မတိုက်နိုင်သလို သွေးလဲ မဖြည့်နိုင်ပါဘူး။ နောက်တစ်လှည့် အရောက်မှာတော့ သူ့ flesh golem ကို ပြိုင်ပွဲထဲကနေ ထွက်ခွာသွားစေခဲ့ပါတယ်။ ရေရှည်ဆွဲတိုက်ရင်တော့ ကျွန်တော်ရှုံးမှာ ဖြစ်ပါတယ်။ သူ့ဆီမှာက သွေးပြန်ဖြည့်တဲ့ အကောင်တွေပါပါတယ်။ ကျွန်တော့်ဆီမှာတော့ မပါပါဘူး။

https://steemmonsters.com?p=battle&id=74d2d298fcf77dea05bda82c725c2d03d4d39f73&ref=mmunited

အဲဒီပွဲကို ကြည့်ချင်ရင်တော့ အပေါ်ကလင့်ခ်ကို နှိပ်ပြီး ကြည့်လို့ရပါတယ်။

All images are taken from https://steemmonsters.com

Yamato အက​ြ​ောင်း သိထားသင့်တဲ့ အချက် ၁၂ ချက်

Yamato ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Yamato ဆိုတာကတော့ wonders of the universe ဆိုတဲ့ စိတ်ကူးပေါ်မှာ အခြေခံ ထားတာ ဖြစ်ပါတယ်။ Yamato […]

FPL week-7 final result

ဒီအပတ်မှာကတော့ ၄၅ မှတ်ပဲ ရလိုက်ပါတယ်။ ကို @aggamun တောင်မှ ကျွန်တော့်ကို ကျော်တက်သွားပါပြီ။ ဆုရဖို့ကလဲ မျှော်လင့်ချက် မရှိတော့ပါဘူး။ အဆိုးဆုံးကတော့ ကိုယ် သဘောမကျလို့ လဲ လိုက်တဲ့သူတွေက ခြေစွမ်း လက်စွမ်းတွေ ပြနေတာပါပဲ။ […]

Leave a Reply

Your email address will not be published. Required fields are marked *