အခွင့် အလမ်းများ (@aggamun)

ကျွန်တော်တို့ C2 Myanmar Curation Team (MCT) ပြန်လာပါပြီ။ ! myanmar tag အသုံးပြုပြီး ရေးသား သူတိုင်းကို C2 ရဲ့ စည်းမျဉ်း စည်းကမ်းများ အတိုင်း ရွေးချယ်၍ $ တန်ဖိုး အနည်းငယ် ရှိသော Upvote ဖြင့် ကူညီ ထောက်ပံ့ နေပါပြီ။

ဒီနေရာ အဓိက ပြောချင်တဲ့ ကျွန်တော့ရဲ့ အမြင် တစ်ခုတော့ ရှိပါတယ်။ C2 က သူရွေးချယ် vote ပေးလိုက်သူရဲ့ ပိုစ့်ကို resteem လုပ်ပါတယ်။ C2 မှာကလည်း followers အများ အပြားရှိတာကြောင့် ကိုယ့်ရဲ့ ပိုစ့်ကို လူများများ မြင်တွေ့ သွားနိုင်မယ့် အခွင့်အရေး ရှိလာပါတယ်။ ဒါက မိမိပို့စ်ထံ လူများစွာဆီက vote တွေ ရောက်လာနိုင်တဲ့ အနေအထား ဆိုတော့ ကျွန်တော် အတွက် အရှုံး မရှိတဲ့ အပြင် သားရွှေအိုး ထမ်းလာမယ့် ကိန်း ပေါ့ဗျာ။

ဆိုတော့က ကျွန်တော်တို့ ပိုစ့်တွေ ရေးသား ရတာ အားပိုရှိလာ ရတာပေါ့။ မိတ်ဆွေများလည်း ကိုယ့်ရဲ့ ပိုစ့်ကို ဆွဲဆောင်မှု ရှိလာအောင် ကြိုးစား အားထုတ် ကြပါလို့ ကျွန်တော် အကြံပြု လိုပါတယ်။ ကျွန်တော်တို့ MCT ရဲ့ ဆောင်ပုဒ် အတိုင်း ပေါ့။ ကောင်းမွန် ပြည့်စုံသော ပိုစ့်ကို ဖန်တီးဖို့က မိတ်ဆွေတို့ တာဝန်ပါ။ ရှာဖွေ စီစစ် ကူညီ ဖို့က ကျွန်တော်တို့ တာဝန်ပါ။ ကျွန်တော်တို့ မိမိတာဝန် မိမိ ကျေပွန်အောင် ထမ်းဆောင်ရင်း ရှေ့ကို ချီတက် ကြရအောင်လားဗျာ။

နောက်တစ်ခုက တော့ Author Showcase ပါ။ ဒါကိုလည်း ကျွန်တော်တို့ MCT ကပဲ မြန်မာ များအတွက် လက်ရှိမှာ ဆောင်ရွက် သွားဖို့ ရှိပါတယ်။ ဒီ showcase အကြောင်းကို ကျွန်တော် နားလည်သလောက် ရှင်းပြပါ့မယ်။

showcase ဆိုတာက ပထမဦးဆုံး ရွေးချယ်သူ (curator) သုံးဦးမှ တစ်ဦးလျှင် သုတ၊ ရသ ပါသော ပိုစ့် တစ်ခုစီ ရွေးပြီး C-cubed ဆီပေးရပါတယ်။ စာညွှန်းလည်း အနည်းငယ် ရေးပေးရပါ့မယ်။ C-cubed က ထိုပိုစ့် သုံးခုပေါင်းပြီး showcase ပိုစ့်အဖြစ် ဖန်တီးလိုက်ပါတယ်။ ထို ဖန်တီးလိုက်တဲ့ showcase ပိုစ့်က ရသမျှ STU များကို ရွေးချယ်သူ (curator) သုံးဦးနှင့် ရွေးချယ်ခံရသူ (author) သုံးဦးမှ စုစုပေါင်း ခြောက်ဦးက အချိုးညီညီ ရရှိမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော် သိသမျှ showcase ပါ။

ထူးခြားတာက curator တွေဟာ ကျွန်တော်တို့ MCT က သာမဟုတ်ဘဲ author တွေကလည်း curator လုပ်ခွင့် ပေးအပ်သွားဖို့ရှိပါတယ်။ အလှည့်ကျပေါ့ ခင်ဗျ။ ဒါက အကြမ်းဖျဉ်း ပေါ့ ခင်ဗျာ။ ဒီထက် အသေးစိတ်ကိုတော့ ကျွန်တော်တို့ MCT ရဲ့ admin @mmunited ကို မေးမြန်းစုံစမ်းနိုင်ပါတယ်။ တခြားသိလိုတာ ရှိပါက ဆက်သွယ်မေးးမြန်းနိုင်အောင် MCT အဖွဲ့ ဝင်များကို ဖော်ပြလိုက်ပါတယ်။

C2 Myanmar Curation Team (MCT)

Admin – @mmunited
Co-admin – @lwanwai , @nayhlaingsoe , @aggamun


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

My bounty post for this week : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-13-aggamun

ရှုံးသလား မြတ်သလား (@aggamun)

ခုနေ ဟေ့ကောင် မင်း စတီးမစ်မှာ post ကောင်းကောင်း တင်တတ်ပြီလား လို့ တစ်စုံ တစ်ယောက်က များ မေးလာခဲ့သည် ရှိသော် ကျွန်တော် ဖြေရမည့် အဖြေက တစ်ခုတည်း ရှိပါသည်။ No ဟု […]

ငါစွဲ (@aggamun)

စကြဝဠာက အကျယ်ကြီးပါ။ အဆုံးမရှိ လောက်အောင် ကျယ်ပြောလှပါတယ်။ ဒီလောက်ကြီးတဲ့ စကြဝဠာထဲ က သင့်တင့်မျှတ တဲ့ ဂြိုဟ်သေးသေးလေး တစ်ခုမှာ ကျွန်တော်တို့ နေထိုင်ကြပါတယ်။ ဒီဂြိုဟ်သေးသေး ကိုပဲ ကျွန်တော်တို့ ကမ္ဘာ ဆိုပြီး […]

Leave a Reply

Your email address will not be published. Required fields are marked *